Myanmar Court Etiquette --

အပျိုတော် ၁၀၀ ပုရပိုက်

နန်းတွင်းအပျိုတော်များ၏ ပုံ ၁ဝဝကိုရေးဆွဲထား၍ အပျိုတော် ၁၀၀ ပုရပိုက်ဟုအများကခေါ်ကြသည်။ အပျိုတော် ၁ဝဝ ၏ ရုပ်သွင်ကို အဆင်တန်ဆာအမျိုးမျိုး၊ ဟန်ပန်အနေအထားအသွယ်သွယ်ဖြင့်ရေးဆွဲ ထားသည်။ ပုရပိုက် နှစ်ရေစီးတွင် အရွယ်တူ စတုရန်းကွက် ၅၀ဖွဲ့ပြီး၊ ၄ရေစီးတွင် စတုရန်းကွက်ပေါင်း ၁ဝဝ ပေါ်၌ အပျိုတော် ၁ဝဝ တို့ ၏ ပုံကို ရေးဆွဲထားသည်။ ထို အပျိုတော် ၁ဝဝ တို့ ၏ပုံကိုပင် မိတ္တူ ကူးကာ ထိုပုရပိုက်၏ အခြား ၄ ရေစီးပေါ်တွင် ထပ်မံရေးဆွဲသည်။ ထိုမိတ္တူအပျိုတော် ၁၀၀ ပုံများတွင် တစ်ဦးချင်း၏ အမည်များကိုပါ ထည့်သွင်း ရေးထားသည်။ အပျိုတော် ၁၁ဝ ပုရပိုက်သည် နန်းတွင်း မင်းညီ မင်းသား မင်းသမီးများ ကစားရန် ရေးဆွဲထားသည့် "မေး ဖွက် ဖော်" ပုရပိုက်မှ အပိုင်းတစ်ပိုင်း ဖြစ်သည်။ အမည်မပါသည့် အပျိုတော် တစ်ဦးဦး၏ ပုံကို ထောက်ပြကာ ထိုအပျိုတော်၏ အမည်ကို ဖော်စေသည့် ကစားနည်းဖြစ်သည်။ အမည်ကိုမဖော်နိုင်လျှင် ထိုပုရပိုက်၏ အခြားရေစီးမှ အမည်ပါသည့်ပုံနှင့် တိုက်ဆိုင်ကြည့်ရန် ဖြစ်သည်။

100 Maids - 1 100 Maids - 2 100 Maids - 3 100 Maids - 4