မင်းတုန်းမင်း၏ အစုစုငွေပေါင်း ၂၂ကုဋေ ၆သန်းကုန် သံဝစ္ဆရအလှူတော်စာရင်းများ အနက်မှ ဤအလှူမှတ်တမ်းဆေးရေးပုရပိုက် (၁) သည် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါ သည်။ (စီစဉ်သူ၏မှတ်ချက်)
မဟာမုနိဘုရား၊ စန္ဒာမုနိဘုရား၊ ဇောင်းကလော၊ ကုသိုလ်တော်ဘုရား၊ ရွှေကြက်ယက်ဘုရား၊ မင်းကွန်းအိမ်တော်ယာဘုရား၊ နန်းဦးဘုရားများကို နေ့ စဉ်ဆွမ်းသင်ပုဒ်တော်တင်လှူရာ ၇၅၆ ကုန်လှူတော်မူသည့်ပုံ
တိုက်တော်တွင် ကျောင်းရန်များမှာ သံတိုင်သံချိပ် ပျက်စီးသည်များကို လုပ်ဆောင် လှူတော်မူရာ ၇၇ိကုန် လှူတော်မူသည့်ပုံ
ဗားကရာဆရာတော်၊ ညောင်ကန်ဆရာတော်၊ ကူကြီးဆရာတော်တို့ ကို လစဉ် ဆွမ်းဆန် လှူတော်မူရာ ၁၂၈ိ ၅ူ ကုန် လှူတော်မူသည့်ပုံ
သာသနာပြုဆရာ သစ်ဆိမ့်ဆရာတော်တို့ ကို ၆ခုနှစ်ကသည် ၇ခုနှစ်တိုင်၊ ကွမ်းအစ်၊ ကွမ်းဆေး၊ လဘက်လှူတော်မူရာ ၂၇ဝိ ကုန် လှူတော်မူသည့်ပုံ
တောရဆရာတော် ဦးဩနှင့် သင်္ဃာတော်၃၅ပါးကို ဆွမ်းဆန်၊ ငါးသိုင်း၊ ငါးခြောက် လှူတော်မူရာ ၅၄ိ ၁ူ ကုန် လှူတော်မူသည့်ပုံ
ရွှေနန်းဦးဘုရားမှာ ၁၂၁၉ခုနှစ်တိုင် ၄နှစ်အတွင်း နေ့ စဉ် ပန်းခိုင် ပူဇော်ပွဲ လုပ်ဆောင် လှူတော်မူရာ ၁၉၂ိ ကုန် လှူတော်မူသည့်ပုံ
၁၂၁၆ ခုနှစ်ကသည် ၁၂၁၈ ခုနှစ် တပေါင်းလတိုင် ၃နှစ်အတွင်း အရှင်နှစ်ပါး နံတော်နေ့ ဘုရားကိုးဆူ နတ်ကြီးငါးပါးလစဉ်ပူဇော်တော်မူရာ ၁၅ဝိကုန် လှူဒါန်းပူဇော်ကျွေးမွေးတော် မူသည့်ပုံ
ဇောင်းကလေး၊ကုသိုတော်သိမ် ပျက်စီးသည်ကို ပြင်ဆင်လုပ်ဆောင်တော်မူရာ ၄ဝိကုန် ထပ်မံပြင်ဆင်တော်မူသည့်ပုံ
ဇောင်းကလော ကုသိုတော်ဘုရားထီးကျိုးသည်ကို ပြင်ဆင်လုပ်ဆောင်တော်မူသည့်ပုံ
ရွှေကြက်ယက်ဘုရား ထီးကျိုးသည်ကို ပြင်ဆင်လုပ်ဆောင်တော်မူသည့်ပုံ
ရွှေမြို့တော်အနောက်ပြင် ရွှေဂုံတိုင်မြို့စားက ဘုရားတည်လုပ်ဆောင်သည်ဘုရားမှာ ရွှေထီးအထွတ် တင်လှူတော်မူရာ ၆ါ ၆ိ ၈ူ ကုန် လှူသည့်ပုံ
သုဓမ္မဇရပ်တွင်ရဟန်းလောင်းတော် ရှင်လောင်းတော်နှစ်ပါးကို သာသနာတော်တွင်း သို့ သွတ်သွင်းချီးမြှင့်တော်မူရာ ၉၃၃ိ ၄ူ ကုန် သွတ်သွင်းချီးမြှင့်တော်မူသည့်ပုံ
ရွှေနန်းရှင်ဘုရားသက်တော်စေသင်္ဃာတော် ၄၃ပါးကို သပိတ် သင်္ကန်း ထီးဖိနပ်၊ သံ့သက်ရေစေ့လှူတော်မူရာ ကုန်ငွေ ၁၆၁ိ ၂ူ ကုန် လှူတော်မူသည့်ပုံ
ရွှေကြက်ယက်တောင် ကွဲအပ်သည်ကို ပြင်ဆင်ထပ်မံတော်မူရာ ၂၉၆ိ ၆ူကုန် လှူဒါန်း ပြင်ဆင်တော်မူသည့်ပုံ
မဟာအဘယာရာမတိုက်တော် တောင်မုတ်ပျက်စီးသည်ကို အသစ်ထပ်မံပြင်ဆင် တော်မူရာ ၇၈ဝိ ၃ူ ၁ဲကုန် လှူတော်မူသည့်ပုံ
မဟာခေမိကာရာမ တိုက်တော်ရှိ သင်္ဃာတော် ၆၂၄ကို ၂နှစ် ညှပ်သင်္ကန်းခင်း လှူတော်မူရာ ၃၁ါ ၇ိ ၁ူ ၁ဲ ကုန် လှူတော်မူသည့်ပုံ
စစ်ကိုင်းမြို့ ရှင်ပင်ဘုန်းပွင့် ရွှေသာလျောင်း ပျက်စီးသည်ကို အသစ်ထပ်မံပြင်ဆင် လုပ်ဆောင် တော်မူရာ ၄၆၃ိ ၇ူ ၁ဲ ကုန် လှူတော်မူသည့်ပုံ
မင်းကွန်းအိမ်တော်ရာအောင်မြေမှန်ကူဘုရားဦးအုတ်ဇရပ်ပျက်စီးသည်ကိုအသစ်ထပ်မံ ပြင်ဆင်တော်မူရာ ၅၆၃ိ ၁ဲ ကုန် လှူတော်မူသည့်ပုံ
မင်းကွန်းအိမ်တော်ရာဘုရားတွင် အုတ်တံတားခင်းလှူတော်မူရာ ၃၅ိ ၆ူ ကုန် လှူတော်မူသည့်ပုံ
မဟာခေမိကာရာမတိုက်နေ ဦးသီရိဘဝပြောင်းရာ ထမ်းပြဿဒ်လုပ်ဆောင် သင်္ဂြိုဟ်တော်မူရာ ၃ဝိ ကုန် လှူတော်မူသည့်ပုံ
ကတူရွာတွင် ဦးဝိမလဘဝပြောင်းရာ ပြဿဒ်လုပ်ဆောင် သင်္ဂြိုဟ်တော်မူရာ ၁၅ိ ကုန် လှူတော်မူသည့်ပုံ
မကြီးဆရာတော် ဘဝပြောင်းရာ ပြဿဒ်လုပ်ဆောင် သင်္ဂြိုဟ်တော်မူရာ ၂ဝိ ကုန် လှူတော်မူသည့် ပုံဘုရား
ကူကြီးကျောင်းတော်ကို အသစ်ထပ်မံပြင်ဆင်တော်မူရာ ကုန်ငွေ ၄ဝိ လှူတော်မူသည့် ကျောင်းတော်ပုံဘုရား
ကူကြီးကျောင်းတော်တွင် ကုဋီအိမ် ၇ခန်း လုပ်ဆောင်တော်မူရာ ကုန်ငွေ ၁၆၇ိ ၅ူ ကုန် လှူတော်မူသည့်ပုံဘုရား
ကူကြီးဆရာတော် ဘဝပြောင်းရာ ကျောင်းပတ်လည်ကန္နားပြင်လုပ်ဆောင်တော်မူရာ ၅၂ိ ၃ူ ၁ဲကုန် လှူတော်မူသည့်ပုံ
ကူကြီးဆရာတော် ဘဝပြောင်းသည်ကို အလောင်းစင်လုပ်ဆောင်တော်မူရာ ကုန်ငွေ ၁၄ဝိ ကုန် လှူတော်မူသည် အလောင်းစင်ပုံဘုရား
မဟာဗောဓိဆရာဘဝပြောင်းရာ တလားငယ်တွင် ကုသိုလ်တော်ဝင်ငွေ ၃ဝိ
ကူကြီးဆရာတော်၊ ဗန့် ကျီဆရာတော်၊ ရှမ်းကလေးကျွန်းဆရာတော် ဦးနန္ဒဘဝပြောင်းရာ ဆွမ်းလုပ်ဆောင်တော်မူရာ ကုန်ငွေ ၅၅ိ ၈ူ ကုန် လှူတော်မူသည့်ပုံဘုရား
ဆုတောင်းပြည့်ဘုရားပလ္လင် ဆွမ်းတော်ကြီးခံရန် မှန်စီသပိတ်ကြီး ရွှေချဒေါင်ပေါင်ကြီး ရွှေကြီးစည်များကို လုပ်ဆောင်တော်မူရာ ၅၆ိ ၉ူ ကုန် လှူတော်မူသည့်ပုံဘုရား
၁၂၁၆ခုနှစ်ကသည် ၁၂၂၀ပြည့် တပေါင်းလတိုင် ၅နှစ်အတွင်း ရွှေဘိုမြို့ရှိ ရွှေတန်ဆာဘုရားကို ထီးချရသီးကသည်
မောင်ရှင်မိုးစွေမောင်ရှင်စန်းထွန်ကို သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူရာ ၉၉ိ ၁ူ ၁ဲ ကုန် သာသနာတော်သို့ သွတ်သွင်းချီးမြှင့်သည့်ပုံဘုရား
ဇောင်းကလောကန်ဦးတွင် ရေချမ်းစင် လုပ်ဆောင်တော်မူရာ ၁၅၂ိ ၅ူ ကုန် လုပ်ဆောင်လှူဒါန်း သည့်ပုံဘုရား
ရွှေနန်းတော် အဆောင်တော်ကူးမှာ ဓါတ်တော်မွေတော် ရုပ်ပွားဆင်းတုတော်များကို တည်ထား ကိုးကွယ်တော်မူရာ ပြဿဒ်ကျောင်းဆောင် လုပ်ဆောင်မှုထမ်းတော်မူရာ ကုန်ငွေ ၂။ ကုန် လှူတော် မူသည့်ပုံဘုရား
စကိုင်းမြို့ သီလသည်ဆရာအုတ်ကျောင်းတွင် ဘုရားကျောင်းလည်ပေါ်သုံးထပ် လုပ်ဆောင် လှူဒါန်းတော်မူရာ ကုန် ငွေ ၃၂၃ိ ၉ူ ကုန် လှူတော်မူသည့် ဘုရားကျောင်းဆောင်ပုံဘုရား
၁၂၁၈ ခုနှစ်ကသည် ၁၂၂ဝပြည့်နှစ်ကုန် ၃နှစ်အတွင်းသာသနာပြုဆရာတော်သစ်ဆိမ့်ဆရာတော် တို့ ကို နေ့ ဆွမ်း၊ နံနက်ဆွမ်း နေ့စဉ်ကပ်လှူတော်မူသည် ၁၀၄၂ိ
ရွှေနန်းတော်ကသည် ဇောင်းကလောကုသိုလ်တော်ဘုရားထိ ဆီမီးလက်ဝဲလက်ယာ ထွန်းညှိပူဇော်တော်မူရာ ကုန်ငွေ ၃၈၇ိ ၅ူ ကုန် လှူဒါန်းပူဇော် ထွန်းတော်မူသည့် ပုံဘုရား
ဆရာတော်သင်္ဃာတော်တို့ ကို ယာဂုကျို၍ကပ်တော်မူရာ ကုန်ငွေ ၅ဝိကုန် ကျိုလှူတော်မူသည့်ပုံ ဘုရား
နန်တော်သစ်ဘုရားများမှာ မီး၊ မယ်ဖြူ၊ အိုးကင်း၊ နှစ်စဉ်လှူတော်မူရာ ကုန်ငွေ ၁ါ ကုန် လှူတော်မူသည့်ပုံဘုရား
သက်တော်စေ့ သင်္ဃာ ၆၄၊ ဥပုသ်သည်ယောက်ျား ၆၄၊ မိမ္မ ၆၄၊ သီလသည် ၆၄ များကို သပိတ်သင်္ကန်း၊ ထီး၊ ဖိနပ် ၊ပုဆိုး၊ ထမီ၊ အင်္ကျီ၊ တဘက်၊ လှူဒါန်းပေးကမ်းတော်မူရာ ငွေ ၇၈၄ိ ကုန် ပေးကမ်းလှူဒါန်း စွန့် ကြဲတော်မူသည့် ပုံဘုရား
ငခါတောင်ကို အကျည်းမှ လွှတ်တော်မူ × × ×
မဟာမုနိဘုရားမှာ ဆွမ်းတော်ကြီးလောင်းရန် × × ×
မဟာခေမိကာရာမတိုက်တော် x x x ပုံ။
၁၂၂၂ခုနှစ် သစ်ဆိမ့်ဆရာတော်ဘဝပြောင်းရာ မှန်ဓနုခံ မှန်တလားကြီး၊ ပုဇွန်ဆီခံ တလား လှူတော်မူသည့်ကုန်ငွေ ၈၁၁ိ ၅ူ
သက္ကရာဇ် x x x ဘဝပြောင်းရာ ဦးအရိယကို ရထားပြဿဒ်လုပ်ဆောင်တော်မူရာ ကုန်ငွေ x x x
သက္ကရာဇ် ၁၂၂၂ခုနှစ် သစ်ဆိမ့်ဆရာတော် ဘဝပြောင်းရာ နေ ့စဉ်ကွမ်း၊ဆေး၊ လ္ဘက် လှူတော်မူရာ ကုန်ငွေ ၃၁ိ ၆ူ တရပ်၊ အချို့အုပ် ၁၅ဝ၊ အချဉ်အုပ်၁၅ဝ များကို လုပ်ဆောင်လှူတော်မူရာ ကုန်ငွေ ၅၁ိ ၂စု ကုန်ငွေ ၈၂ိ ၆ူ
သက္ကရာဇ်၁၂၂၂ခုနှစ် သစ်ဆိမ့်ဆရာတော်ဘဝပြောင်းရာသင်္ဃာတော်များကိုနွားနို့ မန်ကျီး ဖျော်ရည် လုပ်ဆောင်တော်မူရာ ကုန်ငွေ ၄၈ိ ၈ူ ၁ဲ
သက္ကရာဇ်၁၂၂၂ခုနှစ် သစ်ဆိမ့်ဆရာတော်ဘဝပြောင်းရာ ကျောင်းတော်ပတ်လည် ကန္နားပြင် လုပ်ဆောင်တော်မူရာ ကုန်ငွေ ၄၈ိ
သက္ကရာဇ်၁၂၂၂ခုနှစ် ဆရာတော်သင်္ဃာတော်တို့ ကို ယာဂုကျို၍ လှူဒါန်းရာ ကုန်ငွေ ၁ါ။
၁၂၂၂ခုနှစ် စကိုင်းမြို့ ဝါးချက်ရွာမြောက်ရှစ်မျက်နှာတိုက်တွင်တောရကျောင်းဆောက်လုပ်တော်မူရာ ကုန်ငွေ ၁၉ဝိ
သက္ကရာဇ် ၁၂၂ခုနှစ် မင်းကွန်းအိမ်တော်ရာ ဘုရားအနီးသီးသည်မယ်နတ်ဝင်းကို ကျောင်းဆောက်လုပ်တော်မူရာ ကုန်ငွေ ၁၆၄ိ
သက္ကရာဇ် ၁၂၂၂ခုနှစ် အရှင်နန်းမတော်ဘုရား သက်တော်စေ့ သင်္ဃာတော် ၄၈ကို သပိတ်နှင့်တကွ လှူဒါန်းတော်မူရာ ကုန်ငွေ ၅၅ိ ၅ူ
သက္ကရာဇ်၁၂၂၂ခုနှစ် အရှင်နန်းမတော်ဘုရားသက်တော်စေ့ ၄၈၊ ယောက်ျား၄၈ တို့ ကို ကုတိုးခ သနားတော်မူရာ ကုန်ငွေ ၉ိ
သက္ကရာဇ်၁၂၂၂ခုနှစ် သစ်ဆိမ့်ဆရာတော် ဘဝပြောင်းရာ လာရောက်သည့်အာဂန္တု သင်္ဃာတော်တို့ ကို နေ့ စဉ်ဆွမ်းချက်ပြုတ် လှူတော်မူရာ ကုန်ငွေ ၂၄၁ိ ၃ူ
သက္ကရာဇ်၁၂၂၂ခုနှစ် အရှင်နန်းမတော်ဘုရား ဖွားတော်ရက် ပြာသိုလဆန်း ၂ရက်နေ့ သင်္ဃာတော် ၄၈များကို သပိတ်နှင့်တကွ ဆွမ်းလှူတော်မူရာ ကုန်ငွေ ၆၁ိ ၁ူ ၁ဲ
သက္ကရာဇ် ၁၂၂၂ခုနှစ် အရှင်းနန်းမတော်ဘုရား သက်တော်စေ့ သီလသည်၄၈၊ ပုဏ္ဏား ၄၈များကို ပိတ်ပုဆိုး ခေါင်းပေါင်း ထီးခချိန် ၅ဝိကျ ဆန်၊ ကိုယ်ဝတ်၊ ဘန်းခံ၊ ငှက်ဘီး၊ ခဲဆန် လှူတော်မူရာ ကုန်ငွေ ၁၅၅ိ ၇ူ
သက္ကရာဇ်၁၂၂၂ခုနှစ် တော်သလင်းလအတွင်း သစ်ဆိမ့်တိုက်တော်အတွင်း ကျောင်းတော် ဆောက်လုပ်လှူဒါန်းရန် သစ်ပျဉ်ဘိုး၊ သံဘိုး အရပ်ရပ်ကုန်ငွေ ၆၈၆ိ ၅ူ ၁ဲ
ကျောင်းတော်ကို ရေစက်သွန်းချ တင်လှူတော်မူရာ ကုန်ငွေ ၁ါ ၅ိ ၆ူ။ ၂စုကုန်ငွေ ၇၉၂ိ ၁ူ ၁ဲ
သက္ကရာဇ်၁၂၂၂ခုနှစ် သစ်ဆိမ့်တိုက်တော် မဟာရံမြင်တား ခတ်လုပ် လှူတော်မူရာ ကုန်ငွေ ၈၂၉ိ ၅ူ ၁ဲ
သက္ကရာဇ် ၁၂၂၂ခုနှစ် သေပြစ်သေဒါန်ရှိ၍ စီရင်မည့် အကျဉ်းထားသူ မိမ္မ ၊ ယောက်ျား ၆ ၇တို့ ကို ရာဇဝတ်အပြစ်မှ ချမ်းသာပေးတော်မူပြီးလျှင် ဝလျင်အောင်ထမင်းကျွေးတော်မူ၍ ငွေဒင်္ဂါး၊ ပုဆိုး၊ ခေါင်းပေါင်း၊ စိတ်ပုတီး ပေးကမ်းသနားတော်မူရာ ကုန်ငွေ ၁၉၄ိ ၄ူ
သက္ကရာဇ် ၁၂၂၂ခုနှစ် ငကျည်းသားကို ရဟန်းခံတော်မူရာ ကုန်ငွေ ၅ဝိ အရှင်နန်းမတော်ဘုရား ကိုယ်စားတော်စား ရှင်ခေမာကို ရဟန်းခံတော်မူရာ ကုန်ငွေ ၅ဝိ ၊ ၂စု ရဟန်းခံတော်မူရာ ကုန်ငွေ
သက္ကရာဇ် ၁၂၂၂ခုနှစ် ဝါဆိုလအတွင်း ငတ်မွတ်ခေါင်းပါးသူတို့ ကို ကာလဒါန ထမင်းချက်ပြုတ် ကျွေးမွေးတော်မူရာ ကုန်ငွေ ၂၇ိ ၅ူ
သက္ကရာဇ် ၁၂၂၂ခုနှစ် သက်တော်စေ့ သင်္ဃာတော် ၆၇ပါးကို သပိတ်နှင့်တကွ ဆွမ်း၊ စမဲစုံ၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ ယပ်၊ ရေစု၊ တောင်ဝှေး၊ ရေပြည့်အိုး၊ ရေခွက် လှူတော်မူရာ ကုန်ငွေ ၄၉၈ိ
သက္ကရာဇ် ၁၂၂၂ခုနှစ် သေပြစ်သေဒါန်ရှိ၍ စီရင်မည့် အကျဉ်းထားသူ မိမ္မ၊ ယောက်ျား ၆၇ တို့ ကို ရာဇဝတ်အပြစ်မှ ချမ်းသာပေးတော်မူပြီးလျှင် ဝလျင်းအောင်ထမင်းကျွေးတော်မူ၍ ငွေဒင်္ဂါး၊ ပုဆိုး၊
ခေါင်းပေါင်း၊ စိတ်ပုတီး၊ ပေးကမ်းသနားတော်မူရာ ကုန်ငွေ ၁၉၄ိ ၄ူ
သက္ကရာဇ် ၁၂၂၂ခုနှစ် ရွှေမြို့တော်အနောက်ပြင်သုတ်သန်တွင် စတုဒီသာဇရပ် ဆောက်လုပ်တော် မူရာ ကုန်ငွေ ၄ါ။
သက္ကရာဇ် ၁၂၂၂ခုနှစ် ဆင်တွဲဆရာတော်၊ ကျေးခန်ဆရာ ဘုရားတည်ထားကိုးကွယ်ရန် အုတ်အင်္ဂတေကို ကုသိုလ်တော်ဝင်ငွေ ၁ါ