ရှေးမြန်မာတို့ က စစ်အင်္ဂါ လေးပါးတွင် ဆင် မြင်း ရထား ခြေသည်သူရဲ ဟူ၍ပြဆိုသည်။ ဆင်တပ်ကိုမူ လက်နက်တော်ကြီးဟု မြန်မာမင်းတို့ က ခံယူသည်။ မြင်းတပ်မှာ မြန်မာမင်း တို့ အားအထားဆုံးဖြစ်သည်။ ဆယ့်နှစ်ရာသီ မင်းခမ်းသဘင်တွင် ဆင်ခင်း မြင်းခင်း စက် သွင်းသဘင်ကို ပြာသိုလ်လတွင် ကျင်းပလေ့ရှိသည်။ ကုန်းဘောင်ခေတ်ဦးက စုကြီးခြောက်ကြောင်း အဝင်အပါ လက်နက်ကိုင်တပ် ၁၆ တပ်ရှိခဲ့သည်။ ရတနာပုံခေတ်သို့ ရောက်သော် လေးတပ်၊ လှေတပ်၊ တင်ကျည်းစွဲတပ် နေရာတွင် သေနတ်စွဲတပ် နှင့် အမြောက်တပ်များကို အစားထိုးလာသည်။ သေနတ်စွဲရဲမက်တော်များကို အတွင်းခြောက်စု၊ အပြင်ခြောက်စုနှင့်အစု သေနတ် ဟု တာဝန်အလိုက် သုံးမျိုးခွဲထားသည်။ ဤပုရပိုက်ပါပုံများသည် ရှေးမြန်မာတို့ ၏ စစ်အင်္ဂါလေးပါးအဝင်အပါ အထောက်အထားအချို့ဖြစ်ပါသည်။