ရှေးမြန်မာမင်းများလက်ထက်က မင်းညီမင်းသားမင်းသမီးများ အပျင်းပြေကစားရန် ရေးဆွဲထားသည့် ပုရပိုက်ဖြစ်သည်။ ပုရပိုက် ၂ရေစီးတွင် အရွယ်တူ စတုရန်းကွက် ၅ဝ ရေးဖွဲ့ပြီး ၄ ရေစီးပေါ်၌ စတုရန်း ကွက်ပေါင်း ၁၀၀ ဖွဲ့ကာ သက်ဆိုင်ရာ ရုပ်ပုံများရေးဆွဲပါသည်။ ဥပမာ - နတ်သားများ၏ ပုံအမျိုးမျိုးကို အကွက် ၁ဝ၀ ၌ ရေးဆွဲထားသည်။ ပုရပိုက် ပထမရေစီး၏ အကွက် ၁ဝဝတွင် အမည်ရေးမထားသည့် နတ်သား ၁ဝဝ ၏ရုပ်ပုံများဖြစ်၍ နောက် ရေစီး၏အကွက် ၁ဝဝ တွင် နတ်သား၏အမည်များရေးထားသည်။ နတ်သား၏အမည်မပါသည့် ပထမရေစီးထိပ်တွင် "မေးဖွက်" ဟု ရေးထားသည်။ နတ်သားအမည်ပါသည့် ရေစီးထိပ်တွင် "ဖော်" ဟုရေးထားသည်။ ပထမ "မေးဖွက်" ရေစီးပါ နတ်သားများထဲမှ ပုံတစ်ပုံကို လက်ဖြင့် ထောက်၍ နတ်သားအမည်ကို မေးရန်ဖြစ်သည်။ အဖြေ မှန်မမှန်ကိုမူ "ဖော်" ရေစီးတွင်ရှိ အမည်ရေးထားသည့် နတ်သားပုံနှင် တိုက်ဆိုင်ကြည့်ရန်ဖြစ်ပါသည်။
ထိုနည်းတူပင် တောင်ပုံများ၊ စပါးပင်များပုံများ၊ တိရစ္ဆာန်ပုံများ၊ ငါးရုပ်များ၊ နတ်သမီးပုံများကို ရေးဆွဲထားပြီး "မေး ဖွက် ဖော်" ကစားရန်ဖြစ်သည်။