Myanmar Court Etiquette --

အလှူမှတ်တမ်းဆေးရေးပုရပိုက် (၂)

၁၈၇၄ မှ ၁၈၈၉ ခုနှစ်အတွင်း ဘုရားတည် ကျောင်းဆောက် ကုသိုလ်အလှူဒါနပြုသည့် မှတ်တမ်းစားရေးပုရပိုက်တစ်ဆူဖြစ်သည်။ (စီစဉ်သူ၏မှတ်ချက်)

၁၂၃၆ခု နှောင်းတကူး ညီမောင်လတ်နှင့် မောင်ဘိုးသိမ်းတို့ ကို ရှင်သာမဏေ ဦးဥာန်ကို ရဟန်းပဉ္စင်းအဖြစ် ချီးမြှင့်ရာ သံဃာတော်တို့ ကို လှူဒါန်းသည်ပုံ။

Donations 2 - 1

၁၂၃ ၇ခုနှစ်အတွင်း ဘုံကျော်ဆရာတော်နှင့်သင်္ဃာတော်တို့ကို သင်္ကန်းကပ်လှူ။ မဟာမုနိဘုရားကြီးကို ပူဇော်ရန် ပျားဘရောင်းတိုင် ၁၀၀၀ ကို ရေစက်သွန်းချလှူဒါန်း၍ ပရိသတ်တို့ ကို ကြာဇံမုန့် တီကျွေးသည့်ပုံ။

Donations 2 - 2

၁၂၄၁ခုနှစ် ပြာသိုလ မဦးဇွန်းကို နားထွင်း၍ သူတထူးသား ၂ တို့ကို ရဟန်း ပဉ္စင်း ရှင်သာမဏေ အဖြစ် ချီးမြှင့်လှူဒါန်းရာ ပရိသတ်တို့ ကို ထောပတ်ထမင်းကျွေးမွေး ပရိတ်နာသည့်ပုံ၊

Donations 2 - 3

သူတထူးသားကိုရှင်ပြု၍ တံတားဟောင်း၂ ပျက်စည်းသည်ကို ပြင်ဆင် ရေစက်သွန်းချသည့်ပုံး

Donations 2 - 4

၁၂၃၁ခုနှစ်ကစ၍ တကြိမ် သင်္ဃာတော်မြတ်တို့ ကို ဆွမ်းလုပ် ကျွေးသည့်ပုံ

Donations 2 - 5

၁၂၄၃ခု ပြာသိုလ မြတ်စွာဘုရားကိုယ်တော်စား ကြေးဆင်းတု ၁၊ တဆောင်း ရုပ်ပွားတော် တံခွန်လုံး၊ ဘရောင်းတိုင်၊ ပဒေသာ၊ ရွှေဆိုင်း၊ ထီးဖြူ၊ မျက်နှာကျက်၊ ဆွမ်းတော်ကြီး၊ ပိဋကတ်စာ အင်္ဂါ ၅၀၀ တော် မှန်စီရွှေချ ဘီရိုစာတိုက်၊ ကမ္မဝါစာများနှင့် သံဃာတော်မြတ်တို့ ကို သီးမျိုးစုံ ပဒေသာ အသုံးအဆောင်များလှူဒါန်းသည့်ပုံ ကုန်ငွေ ၂၄ဝဝကျော်။

Donations 2 - 6

၁၂၄၃ခုနှစ် တောင်ရှင်တိုက်အတွင်း ဆောက်လုပ်သဃိကရေစက် သွန်း ချလှူဒါန်းသည့် ကျောင်း၊ ရေတွင်း၊ ကုသိန္နာရုံတိုက်အတွင်း ဆောက်လုပ်၊ ထုပ်လျောက်က အထက် သဃိက၊ အောက်ကို ပုဂ္ဂလိက ရေစက်သွန်းချ၍ ဦးဂန္ဓမာကို လှူသည့်ကျောင်း၊

Donations 2 - 7

၁၂၄၅ခု ကျော်တိုက်အတွင်းဆောက်လုပ်သည့်ကျောင်းနှင့် မီးတင်းကုတ်၊ ၁၂၄၆ ခုနှစ် ဆောက်လုပ်သည့် ကျောင်းနှင့် မီးတင်းကုတ်၊ ဇရပ်၊ကျောင်းမှာ သဃိက ရေစက်ချ၍ ဘုံကျော် ဆရာတော်ဘုရားကြီးအား တင်လှူသည် ။

Donations 2 - 8

၁၂၄၆ခုနှစ် ချမ်းသာရကျောင်းတိုက်အတွင်း သိမ်၊ သမုတ်၊ အုတ်တိုက် တည်လုပ်ပြီးလျှင် ၄င်းသိမ် အတွင်း သူတထူးသားကို ရဟန်းပဉ္ဇင်းအဖြစ် ချီးမြှင့်လှူဒါန်း၍ ပရိသတ်တို့ ကို ထောပတ်ထမင်း ကျွေး၊ သိမ်သမုတ်ရာ ကြွ ရောက်သည့် သံဃာတို့ ကို သင်္ကန်းလျာ၊ ပိတ် လှူဒါန်း၍ ဆွမ်းကျွေးမွေး ပြုစုသည့်ပုံ၊ ကုန်ဝင်ငွေ ၃၆ဝဝကျော်

Donations 2 - 9

၁၂၄၇ခု တပို့တွဲလပြီးသည့်အင်္ဂါ ၅၀၀ ကျော် ရေစက်သွန်းချလှူဒါန်းသည့် ကုန်ဝင်ငွေ ၇ဝဝကျော်။

Donations 2 - 10

၁၂၄၉ခု ပြာသိုလပြည့်ကျော်နေ့ မြို့တွင်း တောရကျောင်းအတွင်း မိဘတို့ ကိုးကွယ်ရင်း ရုပ်ပွားတော် ပင့်ဆောင် ရွှေအသစ်မွမ်းမံ။ သူတထူးသားတို့ ကို ရဟန်း ပဉ္စင်း ရှင်သာမဏေအဖြစ် ချီးမြှင့်၍ သမီး မယ်ထင်ကို နားထွင်းရာ ပရိသတ်တို့ ကိုထောပတ်ထမင်း စားပွဲခင်းကျင်း ကျွေးမွေး ပရိတ်နာသည့်ပုံ ကုန်ဝင်ငွေ ၃၀၀ကျော်။

Donations 2 - 11

၁၂၅၀ ဝါခေါင်လဆန်း ၁ရက်နေ့ တွင် ဘုံကျော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာ နိဗ္ဗာန်ကျောင်း ဆောက်လုပ်လှူဒါန်း၍ ဆရာတော်ဘုရားအလောင်း နိဗ္ဗာန်ကျောင်းချသည့်နေ့ သင်္ဂြိုဟ်သည့်နေ့ သင်္ဃာတို့ ကို ဆွမ်းလုတ်ကျွေးသည့်ပုံ ကုန်ဝင်ငွေ ၄၈၀ကျော်။

Donations 2 - 12

၁၂၅၁ခုနှစ် ဘုံကျော်ဆရာတော်ဘုရားကြီး၏အရိုးကို တပည့်တကာတို့ အပေါင်းစု၍ စေတီ တည်လုပ် ကိုးကွယ်ရာ ကုန်ငွေ ကုသိုလ်ပါဝင်ငွေ ၂၀၀ကျော်။

Donations 2 - 13