ကုန်းဘောင်ခေတ်နန်းတွင်း၌ ရွှေသားဖြင့် ထုလုပ်သည့် ရွှေကိုယ်လေး မင်းရုပ်ထုတော်များ ထားရှိခဲ့သည်။ အလောင်းမင်းတရားကြီးမှစ၍ မင်းတုန်းမင်းနှင့် မိဖုရားတို့၏ ရုပ်ထုများဖြစ်သည်။ သမိုင်းမှတ်တမ်းအရ မင်းရုပ်ထု အရေအတွက်မှာ မူကွဲအမျိုးမျိုးရှိသည်။ တချို့က မင်းရုပ်ထု ၁၇ ခုရှိသည်ဟုဆိုသည်။ လန်ဒန် အိန္ဒိယရုံးစာကြည့်တိုက်ရှိ ရွှေနန်းလက်သုံးပုံပုရပိုက်တွင် မင်းရုပ်ထု ၁၀ခုပါသည်။ မြန်မာနိုင်ငံရှေးဟောင်း သုတေသနရုံးရှိ ရွှေနန်းလက်သုံးပုံ ပုရပိုက်မူတွင် ရုပ်ထု ၉ခုသာရှိသည်။ ထိုမင်းရုပ်ထုများကိုသီပေါဘုရင်ကိုယ်တိုင် လစဉ်လတိုင်း ရုပ်ထုအထုခံဘုရင်နှင့် မိဖုရားတစ်ပါးလျှင်ဂါထာ တစ်ပုဒ်စီဖြင့် ပူဖော်လေ့ရှိသည်။ ရုပ်ထုများ၏အရပ်ရွှေချိန်တို့ ကိုပါ ဖော်ပြထားသည်။ ဤပုရပိုက်မူပါ မင်းရုပ်ထုများမှာ -
| အလောင်းမင်းတရား | အရပ် | ၂မိုက် ၆သစ် | ရွှေချိန် | ၅၆၄ိ ၅ူ |
| ၄င်း၏မိဖုရား | ၂မိုက် | ၄၅ဝိ | ||
| နောင်တော်ကြီး | ၁မိုက် ၆သစ် | ၃၀၀ | ||
| ဆင်ဖြူရှင် | ၁မိုက် ၇သစ် | ၂၉၅ိ ၅ူ | ||
| ဘိုးတော်(ဗဒုံမင်း) | ၁မိုက် ၅သစ် | ၅၂၆ိ | ||
| ၄င်းမိဖုရားကြီး | ၁မိုက် ၆သစ် | ၄၅၇ိ | ||
| ရွှေဘိုမင်း | ၂မိုက် | ၄၃၃ိ ၅ူ | ||
| မင်းတုန်းမင်း | ၁မိုက် ၈သစ် | ၅၀ဝိ | ||
| ၄င်းမိဖုရားကြီး | ၁မိုက် ၅သစ် | ၄၅၆ိ |
မြန်မာနန်းသူနန်းတွင်းသားများ၏ သျှောင်ထုံး၊ ဆံထုံးပုံနှင့် အဝတ် ဝတ်ဆင်ပုံ ပုရပိုက်မှတ်တမ်း အနည်း ငယ်သာရှိပေသည်။